Sunday, 24 February 2013

ညိုမ ဖိတ်ခေါ်သံ

သနပ်ခါး ပါးကွက်ကြားနဲ့
ညိုနက်ပြာ နုရည်
ထွန်းစု နေခြည်။

ညွန်းတုလို့ ဘယ်မမီတယ်
သည်မဒီ ငုရွှေဥရယ်လ
သွန်းထု ပျိုထွား။

ချစ်စသွေး ပြုံးချိုချိုရယ်
အမုန်းမပို ဆိုစကား။

အရှုံးမလို ရွှေစိတ်အားကြောင့်
 ထိပ်ထားက ရှုဖွယ်
စိတ်အားလှကြွယ်။

ထိပ်ဖျားက ရွှေဧည့်သည်ရယ်
တဆိတ် နားတော်မူလှည့်ဦးကွဲ့လေး။

(တေးထပ်ကပျက်)

တုံးဖလား ကိုကိုမောင် 
(၂၄၊ ၀၂၊ ၂၀၁၃၊ တနင်္ဂနွေနေ့)

.

No comments:

Post a Comment