Wednesday 7 May 2014

တုံးဖလားရွာ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း အလှူရှင်များ



 စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ တုံးဖလားရွာလေးသည် ကောလင်း-ပင်လည်ဘူး ကားလမ်းမပေါ်၌ တည်ရှိသည်။ ပင်လည်ဘူးမြို့နှင့် ကောလင်းမြို့သည် ခရီးမိုင် ၄၀ တိတိ ရှိသည်။ တုံးဖလားရွာလေးသည် ထို နှစ်မြို့အကြား ခရီးမိုင် ၂၀ ၌ တည်ရှိလေသည်။ ရွာသူရွာသားများသည် တောင်သူလယ်သမားများပီပီ လယ်ကိုသာ အားထားပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုရွာ၌ ၂၀၁၄ ခုနှစ်အရ အိမ်ခြေ ၃၈ အိမ်တိတိ ရှိလေသည်။ 

ထိုတုံးဖလားရွာလေး၌ ကိုယ်ပိုင်စာသင်ကျောင်း မရှိပေ။ ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိသော ရွာသာယာကျေးရွာ မူလတန်းကျောင်းသို့ ကလေးများ ပင်ပင်ပန်းပန်းပန်း နေပူမရှောင် မိုးရွာမရှောင် သွားရောက်ပြီး ပညာသင်ယူကြရသည်။ တုံးဖလားရွာနှင့် မနီးမဝေး ရှစ်မိုင်ခန့်အတွင်း တည်ရှိသော ရွာငယ်လေးများ၌ပင် အစိုးရ စာသင်ကျောင်းများ အသီးသီး ရှိကြလေသည်။

ထို့ကြောင့် နောင်လာနောက်သား တုံးဖလားရွာ မျိုးဆက်သစ် ကလေးများ ကျောင်းပညာကို အလွယ်တကူ ချမ်းသာစွာ သင်ယူတတ်မြောက်နိုင်ရန် ရည်ရွယ်ပြီး တုံးဖလားရွာ၌ ကိုယ်ပိုင် စာသင်ကျောင်းဆောက်လုပ်ဖို့ ရပ်ရွာမိဘများ လူငယ်ခေါင်းဆောင်များက ကြိုးစားအားထုတ်ကြလေသည်။ ကျောင်းဆောက်၍ ပြီးစီးသွားလျှင် အစိုးရမူလတန်းကျောင်းအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်ကြမည် ဖြစ်သည်။ ယခုပင်လျှင် စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။ ၂၀၁၄ ပညာသင်နှစ် (ဇွန်လ) မတိုင်မီ အပြီးသတ်နိုင်ရန် ရုန်းကန် နေကြပြီ ဖြစ်သည်။ 

 ဆောက်လုပ်မည့် စာသင်ကျောင်းပုံစံမှာ တစ်ထပ်ကျောင်း ဖြစ်သည်။ အုပ်ကာ သွပ်မိုးဖြစ်သည်။

ထိုစာသင်ကျောင်းသည် တုံးဖလားရွာ၏ ပထမဦးဆုံး စာသင်ကျောင်း ဖြစ်သည်နှင့်အညီ ရွာသူရွာသားများ ရန်ခုန်စွာ စိတ်လှုပ်ရှားစွာဖြင့် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်နေကြပြီဖြစ်သည်။ သူတို့၏ စကားသံများ မျက်လုံးများ၌ ကြည်နူးမှု အရိပ်အရောင်များ မြင်တွေ့နေရသည်။ ငွေကြေးရှားပါးလွန်းသည့် အရပ် ဖြစ်သည့်တိုင် တနိုင်တပိုင် လူအားကော ငွေအားပါ ပါဝင်ကြလေသည်။ အလှူရှင်ရှိလို့ကတော့ လုပ်အားပေးဖို့ အဆင်သင့်ဘဲ ဟု မျှော်လင့်စွာ သူတို့ တောင်းတကြလေသည်။ ယခုပင်လျှင် မနက်မိုးလင်းသည်နဲ့ တပြိုင်နက် စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းသို့ အနည်းဆုံး တစ်အိမ်တစ်ယောက်  လုပ်အားပေးနေကြလေသည်။

ထို တုံးဖလားရွာ စာသင်ကျောင်း ဆောက်လုပ်ဖို့ လန်ဒန်မှ လွှဲအပ်ပေးပြီးသော ငွေပမာဏမှာ ယခုအချိန်ထိ  မြန်မာကျပ်ငွေ ၃၇၇၀၀၀၀၀ (သုံးဆယ့်ခုနစ်သိန်းနှင့်ခုနစ်သောင်း) တိတိ ဖြစ်လေသည်။ ထိုရွာသူရွာသားများ၏ စေတနာအလှူ   မြန်မာကျပ်ငွေ ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်)နှင့် ပေါင်းလျှင် စာသင်ကျောင်းဆောက်ဖို့အတွက် မြန်မာကျပ်ငွေ ၅၇၇၀၀၀၀ (ငါးဆယ့်ခုနစ်သိန်းနှင့်ခုနစ်သောင်း)တိတိ ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ထိုပမာဏထက် မနည်းသော ငွေများ ထပ်လိုဦးမည်ဟု သိရသည်။ 

(ယနေ့ ၁၆.၀၅.၂၀၁၄ သောကြာနေ့အထိ အလှူငွေစုစုပေါင်း မြန်မာကျပ်ငွေ ၁၂၀၇၀၀၀၀ (သိန်းတစ်ရာ့နှစ်ဆယ်နှင့်ခုနစ်သောင်းကျပ်)တိတိ ကို လက်ခံရရှိပြီး ဖြစ်ပါသည်။ ကျောင်းဆောင် ရုပ်လုံးပေါ်အောင်ထိတော့ ဆောက်လုပ်နိုင်ပြီဟု ယူဆရပါသည်။)

ရပ်ရွာခေါင်းဆောင်ကို ဖုန်းဆက်မေးကြည့်သောအခါ ဖောင်ဒေးရှင်းချပြီးပြီဟု သိရသည်။ ယနေ့ တိုင်ထူမည်ဟုလဲ ပြောသည်။ တိုင်ထူပြီးလျှင် ကျောင်းကို အရိုးကြမ်းသဘောဆောက်လုပ်ပြီး သွပ်မိုးမည်ဟု ဆိုသည်။ ငွေ မနိုင်တော့သည့်အတွက် နံရံကို ၀ါးထရံများရိုက်ကပ်ပြီး ကျောင်းသစ်ဖွင့်ပွဲကို ထိုပုံစံဖြင့်သာ ဖွင့်လှစ်တော့မည်ဟု အားငယ်စွာ ပြောသည်။  ငွေအားတတ်နိုင်သည့် အချိန် ရောက်မှသာ ကျည်းဘောင်ခွေပြီး အုတ်နံရံ တက်တော့မည်ဟု ဆိုသည်။

ထို့ကြောင့် ပညာရေးလိုလားသူများအနေဖြင့် ထိုစာသင်ကျောင်း အချောသတ်ပြီးသည်အထိ ဆောက်လုပ်နိုင်ရန် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီနိုင်လျှင် ကူညီပေးကြဖို့ (အားနာစွာဖြင့်) ကုသိုလ်ရေးမို့ တောင်းဆိုပါသည်။

.............................................ဆက်သွယ်လှူဒါန်းရန်လိပ်စာ
...............အရှင်ဇနက..........................................................အရှင်ခေမာစာရ (တုံးဖလား)
.......//..သန္တိသုခ၀ိဟာရ............................................................(နည်းပြ၊ ၀ိနယဌာန)
.............ဟောင်းစလိုး...............................အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်
...............လန်ဒန်မြို့................................................................မရမ်းကုန်းမြို့နယ်၊ ရန်ကုန်
....ဖုန်း...၀၇၇၄၀၉၈၃၉၄၂.......................................................ဖုန်း...၀၉၅၄၀၀၇၆၇
..Email: venjanaka@gmail.com      .......................Email: khemacara75@gmail.com


အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
သူကြီးမင်း (တုံးဖလား)

.
 လက်ခံပြီးသမျှ အလှူရှင်များမှာ.....

၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)

၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ    ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director)
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
 မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)

၅ ။တုံးဖလားရွာသူရွာသားများအလှူ  မြန်မာကျပ်ငွေ  ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)

၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)

၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)

၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း သားလေး Arthur Win Soe (လန်ဒန်) တို့က စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ စတာလင်ပေါင် ၅၀ (ငါးဆယ်ပေါင်) တိတိ။ 

၉ ။ လန်ဒန်မြို့၊ မနန်းမိုဟွမ် စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ။ 

၁၀။ အရှင်ဇနက (အင်္ဂါမောင်)၊ လန်ဒန် ။ ၁၀၀၀၀၀ (တစ်သိန်း) ကျပ် (လွှဲပြီး)

၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)

၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။

၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ


မှတ်ချက်။
အောက်ပါဖေ့စ်ုဘုတ်လင့်နှင့်ယူကျုလင့်တို့မှာ ဓါတ်ပုံများနှင့်ရုပ်သံဖိုင်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/ilovetonebalar

https://www.youtube.com/watch?v=p1yHJF5YHRY


.


No comments:

Post a Comment